ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး တောင်ကြီးအတက်လမ်းပိုင်း၌ မြေကာနံရံအသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးသည် တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်း(တောင်ကြီးအတက်လမ်း) မိုင်(၁၀၉/၄-၁၀၉/၅)အတွင်း မြေကာနံရံအသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာလမ်း ပြုပြင်ခြင်းလုပ်ငန်းနေရာသို့ ယမန်နေ့၊ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)