ဆင်ပေါင်ဝဲ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ဘူးသွပ်ဆီများကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က City Mart များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးစီးမှူးဦးနိုင်ဦးဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များက City Mart များရှိ Goody (အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီ)၊ LOTUS (ဟင်းသီးဟင်းရွက်ဆီ)များမှာ ဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်မပြည့်စုံသော ကုန်ပစ္စည်းများအား စျေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)