မြို့သစ် ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့ နေ့လည်(၂)နာရီက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ လေ့လာသင့်သည့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ ကာတွန်း၊ ရုပ်ပြ၊ စာစောင်၊ ပုံပြင်များယခုကာလတွင် ကျောင်းသား၊ကျောင်းသူများဆောင်ရန် ရှောင်ရန်အချက်များသိရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ မှတ်တမ်းဓာတ်ပုံများပြသရာတက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)