သရက်မြို့၌ မိုးကြို ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

သရက် ဇွန်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၆ ခုနှစ်၊ မိုးကြိုဖူဆယ်ဘောလုံးပြိုင်ပွဲကို မေလ ၂၄ ရက်မှ ဇွန်လ ၈ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်းအတွင်းရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အသင်း(၁၀)သင်း၊ အုပ်စု(၂)စုခွဲ၍ ယှဉ်ပြိုင်ခဲ့ကြပြီး ယမန်နေ့ညနေ ၄နာရီခွဲက ဗိုလ်လုပွဲအဖြစ် ပညာရေးဌာနအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပညာရေးဌာနအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကြည်ဝင်းက ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းအားလည်းကောင်း၊ ပထမဆုရရှိသည့် ပညာရေးဌာနအသင်းအား ငွေသားဆုနှင့်ဒိုင်ဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးကလည်းကောင်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)