နတ်မောက် ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက (EMဘိုကာရှီ) သဘာဝမြေသြဇာပြုလုပ်နည်းကို ယမန်နေ့က အင်းကုန်းကျေးရွာတောင်သူဦးသိန်းဟန်နေအိမ်တွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ သဘာဝမြေသြဇာ ပြုလုပ်ဆောင်ရွက်ရာတွင် နွားချေးတင်း( ၂၀)၊စပါးခွဲတင်း( ၂၀)၊ ထန်းလျာက် (၂ ပိဿာ)၊ ဖွဲနု (ပိဿာ၂၀)၊ ဇကွဲ (၄ပြည်) နှင့် ပုလဲ (တစ်ပြည်) တို့ ရောစပ်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများက ပြုလုပ်ပေးခြင်းဖြင့် သဘာဝမြေသြဇာပြုလုပ်ခြင်းကြောင့် ကုန်ကျစရိတ်သတ်သာခြင်း၊သဘာဝဖြင့် ပြုလုပ်ထားသော မြေသြဇာဖြစ်သောကြောင့် လူသားများ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ၍ သဘာဝမြေသြဇာပြုလုပ်နည်းကို လက်တွေ့ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။
လှဝင်း