တောင်တွင်းကြီးမြို့အတွင်း သန့်ရှင်းသာယာလှပစေရန် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်း

တောင်တွင်းကြီး ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်နေ့မှစတင်၍ မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးလုပ်ငန်းများကို  ရာသီမပျက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ သန့်ရှင်းရေးများပြုလုပ်ရာတွင် တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများက မောင်းတိုင် (၁)ရပ်ကွက်အတွင်း လမ်းဘေးဝဲ/ယာရှိ ရေဆိုးမြောင်းများကို ရေစီး၊ ရေလာကောင်းမွန်လာစေရန် တစ်ဆို့နေသောအမှိုက်များ၊ ရပ်ကွက်များအတွင်းမှ စွန့်ပစ်ပစ္စည်းများကို ဆယ်ယူရှင်းလင်းပြီး စည်ပင်အမှိုက်ကားပေါ်တင်ဆောင်၍ စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်။ ယင်းနောက် ပျက်စီးနေသော ရေဆိုးမြောင်းများကို ပြန်လည်ပြုပြင်ခြင်း၊ အမှိုက်များ/ခြုံများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေဆိုးမြောင်းများ အနိမ့်အမြင့် ရေစီး၊ ရေလာ ကောင်းမွန်စေရေးအတွက် ပိတ်ဆို့နေသော ရွှံများ/နုန်းမြေများကို ဖယ်ရှားရှင်းလင်းခြင်းများ လုပ်ဆောင်လျက်ရှိပြီး ကျန်ရှိသည့် ရပ်ကွက်များကိုလည်း ဇွန်လ ၃၀ရက်နေ့အထိ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)