မြို့သစ်မြို့နယ်အတွင်း၌ နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မြို့သစ် ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသော နွေနှမ်းဧက (၄၀၉၂) ဧကသည် စိုက်ပျိုးပြီး (၄၅) ရက်သား ရောက်ရှိနေပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါနွေနှမ်းစိုက်ခင်းများရှိ နှမ်းပင်များသည် သန်စွမ်းကြီးထွားကောင်းမွန်လျက်ရှိပြီး သီးကိုင်းဖြာထွက်မှု ကောင်းမွန်ကာ ပိုးမွှားရောဂါကျရောက်မှု မတွေ့ရှိရသေးကြောင်း သိရသည်။

တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးလမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးပြုစုစောင့်ရှောက်လျက်ရှိကြောင်းလည်း သိရသည်။

မြို့သစ်မြို့နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် နွေနှမ်းစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်လျက်ရှိရာ ယခုအခါ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိခြင်းသည် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်း နှမ်းစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)