ဟင်္သာတ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး သင်တန်းခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်သူမျိုးက ပျားမွေးမြူရေး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဟင်္သာတခရိုင်အတွင်းရှိ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူ (၂၀) ဦးတို့အား ပျားမွေးမြူရေးဌာနမှ တာဝန်ရှိသူများက (၂)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)