တောင်တွင်းကြီးမြို့နယ်၌ ရက် (၁၀၀) "လမင်း" စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

တောင်တွင်းကြီး ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၌ ရက်(၁၀၀) "လမင်း" စီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ထုတ်ပေးခြင်းကို တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာ၊ အထက(ကုက္ကိုခွ)၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါကျောင်းရှိ အသက် ၁၀ နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ်မရှိသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများအား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှု့အားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများအား နေ့ချင်းပြီး အခမဲ့ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နောင်နောင် (ဗိဿနိုးမြေ)