မြို့သစ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

မြို့သစ် ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးစတင်သုံးစွဲရသည့်အကြောင်းအရင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိမည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ရှောင်ကြဉ်ရမည့်အချက်များကို ဟောပြောဆွေးနွေးကာ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)