မြစ်သား ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇွန် ၈ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်လှလှဝင်းက ကျောင်းသား၊ကျောင်းသူများအား ယဥ်ကျေးလိမ္မာမူရှိ စေရန်နှင့်စည်းကမ်းရှိစေရန် အသိပညာပေးပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျွမ်းကျင်(၂)(ဓာတ်ပုံ)က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင်ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှု့ ကြစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူတော်လူ ကောင်းများဖြစ်လာစေရန်အတွက် အသိပညာပေး အကြောင်းအရာများကိုဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော ဒေသတွင်းလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေးအန္တရာယ်ကာ ကွယ်ရေးအသိပညာပေး၊ မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)