မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်

နတ်တလင်း  ဇွန်   ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ဇူလိုင် (၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကျင်းပနေမှုကို နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာမြင့်နှင့် အဖွဲ့ဝင်များ၊ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုး၊ ခရိုင်အတွင်းရှိ မြို့နယ်အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ပြိုင်ပွဲစည်းမျဉ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၄)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၄) ဦး၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ (၄) ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ (၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရကျောင်းသား/သူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ‌ ဆုများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)