မြောင်းမြတွင် လမ်းဘေးသစ်ပင်လဲကျနေမှုများအား ရှင်းလင်းဆောင်ရွက်

မြောင်းမြ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မိုးတွင်းကာလ၌ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် မရမ်းကုန်းရပ်ကွက်၊ ထောင်ရောင်နေလမ်း၊ မြောင်းမြအကျဉ်းဦးစီးဌာနရှေ့တို့တွင် ယမန်နေ့နံနက် (၇း၀၀) နာရီအချိန်က လမ်းဘေးသစ်ပင်လဲကျနေမှုများကို မြောင်းမြမြို့နယ်မီးသတ်ဦးစီးဌာနမှ ရှင်းလင်းဆောင်ရွက်ခဲ့သည်။

မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး အများပြည်သူများ ထိခိုက်မှုမဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် မြောင်းမြမြို့နယ် မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိ လဲကျနေသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်နှင့် ကျေးရွာနေ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်၊ ဓာတ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများအား ဆောင်ရွတ်လျက်ရှိကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)