ကျောက်ဆည်မြို့၌ သစ်ပင်သစ်ကိုင်းခုတ်ထွင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားကြိုးအသစ်လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းလုပ်ငန်းမှ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားစဉ်ဆက်မပြတ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းမှုပပျောက်ရေး ပြည်သူများလျှပ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်က ကျောက်ဆည်မြို့နယ် ဒု-မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဥက္ကာမျိုးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဓာတ်ကြိုးများနှင့်မလွတ်ကင်းသော သစ်ကိုင်များခုတ်ထွင်ခြင်းနှင့်၊ လျှပ်စစ်ဓာတ်ကြိုအသစ်လဲခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ၃၃/၁၁ ကေဗွီ (၁၀+၁၀)အမ်ဗွီအေ ကြက်မင်းတွန်ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ၁၁ ကေဗွီ စမာဓာတ်အားလိုင်းတစ်လျှောက် သစ်ပင်၊သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင့် ကြက်မင်းတွန် ရပ်ကွက်အတွင်းရှိ ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ၊ ကြက်မင်းတွန်(၄) ထရန်စဖော်မာ အထွက်ရှိ  ၄၀၀ ဗို့အား ဓာတ်အားလိုင်းတစ်လျှောက်  ၃၅ မီလီမီတာ၊ ၅၀ မီလီမီတာ စကွဲရားကြိုးနေရာများ၌ ကာဗာများပါရှိသော ၉၅  မီလီမီတာ စကွဲရား ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ကြက်မင်းတွန်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၅၃၅ အိမ် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်သည့်အပြင် ကျောက်ဆည်-စမာ ဓာတ်အားလိုင်းတစ်လျှောက်ရှိ ကျေးရွာ ၃၂ ရွာမှ မီးသုံးစွဲသူ ပြည်သူ ၄၀၀၀ ကျော်တို့  လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာသုံးစွဲနိုင်မှာဖြစ်ကြောင်း ဒု-မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဥက္ကာမျိုး ထံမှသိရသည်။

သက်မောင်(ကျောက်ဆည်)