လိပ်သိုဒေသ၌ တညင်းစတင်ဆွတ်ခူးချိန် ပေါ်ဉီးပေါ်ဖျား တညင်းသီးများ ဈေးကောင်းရရှိ

လိပ်သို ဇွန် ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များစိုက်ပျိုးလျက်ရှိရာ မိုးရာသီကာလ အပိုဝင်ငွေရရှိစေရန် တညင်းပင်များကို စီးပွားဖြစ် စိုက်ပျိုးထားကြသည်။

ဒေသတွင်း၌ တညင်းပင်များကို ဉယျာဉ်ခြံများအတွင်းတွင် ဖာလာ၊ ကော်ဖီစသည့် နှစ်ရှည်ပင်များနှင့် သီးညှပ်စိုက်ပျိုးကြရာ ယခုဇွန်လဆန်းပိုင်းတွင် ပေါ်ဉီးပေါ်ဖျား တညင်းသီးများကို စတင်ဆွတ်ခူးနေပြီဖြစ်သည်။

အဆိုပါ ပေါ်ဦးပေါ်ဖျား တညင်းသီးများ၏ အသီးအနုအရင့်ပေါ်မူတည်၍  တစ်ပုံးလျှင် ကျပ် ၃၀၀၀၀မှ ကျပ် ၄၀၀၀၀ စျေးရရှိကြောင်း၊ ဒေသထွက်တညင်းသီးများကို လိပ်သိုဒေသရှိ တညင်းဝယ်ယူသူပွဲစားများက အများဆုံး ဝယ်ယူလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

နော်ဖလောရင်း