မိတ္ထီလာမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

မိတ္ထီလာ ဇွန် ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း ဇော်၊ စိုးမိုး၊ သရဖူ၊ မေတ္တာအေး စသည့်ပုဂ္ဂလိက ဆေးရုံများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  မီးဘေးကြိုတင်ကာကွယ်ပစ္စည်းများတပ်ဆင် ဆောင်ရွက်ထားရှိမှုစစ်ဆေးခြင်း၊ ဆေးရုံဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးများလက်တွေ့အသုံးပြုလေ့ကျင့် ပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသီဟအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဇွန် ၈ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ