ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ရေတာရှည် ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊‌ ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးနဲ့ သားသမီးများရဲ့ ပညာရေးအနာဂတ် မပြတ်တောက်စေဖို့အတွက် အခုလို ပညာသင်စရိတ် ထောက်ပံ့မှုတွေကို နှစ်စဉ်ဆောင်ရွက်ပေးနေတာဖြစ်ပြီး၊ ဝန်ထမ်းမိဘများအနေဖြင့် မိမိတို့သားသမီးများ အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့ မျိုးဆက်သစ်တွေဖြစ်အောင် တွန်းအားပေး ပြုစုပျိုးထောင်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပညာသင်ထောက်ပံ့ကြေးများကို တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စာအုပ်၊ ခဲတံ၊ ဘောပင်၊ ကွန်ပါဘူးနှင့် ပညာသင်စရိတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)