မိတ္ထီလာမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ အမျိုးသမီးများအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

မိတ္ထီလာ ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း အမျိုးသမီများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်းအဖြစ် စက်ချုပ်နည်းပညာသင်တန်းကို တောမကျေးရွာအုပ်စု မကျီးပင်ပုကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း(မိတ္ထီလာမြို့)မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုရေးစီမံကိန်းမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်းအဖြစ် စက်ချုပ်နည်းပညာသင်တန်းကို မိတ္ထီလာမြို့နယ် မကျီးပင်ပုကျေးရွာတွင် ပထမအကြိမ် အခြေခံစက်ချုပ်သင်တန်းအဖြစ် မေ ၂၈ ရက်မှ ဇွန် ၂၆ ရက်အထိ တစ်လကြာဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသမီးဝတ် ရင်စေ့ချုပ်နည်း၊ ရင်ဖုံးအင်္ကျီချုပ်နည်း၊ ဂါဝန်စကတ်ချုပ်နည်း၊ အမျိုးသားဝတ်သ​ေင်္ဘာသားအင်္ကျီ၊ ရှပ်အင်္ကျီချုပ်နည်းအမျိုးမျိုးအား သင်ကြားပေး သွားမည်ဖြစ်ပြီးနှင့် ဒုတိယအကြိမ် မွမ်းမံသင်တန်းကို ဇူလိုင် ၆ ရက်မှ ၂၀ ရက်အထိ ၁၅ ရက်ကြာ ရင်ဖြတ်ဆက်ချုပ်နည်း၊ ပခုံးပျောက်အင်္ကျီချုပ်နည်း၊ လေးလွှာစကတ်ချုပ်နည်းတို့ကို သင်တန်းသူ ၁၅ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းမှ ထူးချွန်သင်တန်းသူ ငါးဦးအား လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ဆက်စက်ပစ္စည်းများအား သုံးစွဲခွင့်ပေးအပ်၍ လုပ်ငန်းထူထောင်လုပ်ကိုင်စေမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)