ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀‌၂၇ ခုနှစ်၊ မိုးရာသီ၌ ပဲတီစိမ်း ဧက ၃၆၀၀ ကျော်လျာထားစိုက်ပျိုးမည်

ကျွန်းလှ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီ၌ ပဲတီစိမ်း ဧက ၃၆၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီ ပဲတီစိမ်းစိုက်ပျိုးဖို့ ၃၆၄၁ ဧကလျာထားပါတယ်။ မိုးရာသီမှာ ပဲမျိုးစုံအဖြစ် ပဲတီစိမ်းနဲ့ ပဲစင်းငုံသီးနှံကို အဓိကစိုက်ပျိုးကြပြီး တောင်သူတွေ အခုအခါ စတင်စိုက်ပျိုးနေကြပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးပညာရှင်များက ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း ၃၆၄၁ ဧက၊ ပဲစင်းငုံ ၁၁၅၄‌၁ ဧက စိုက်ပျိုးရန်လျာထားပြီး မေလကစတင်စိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ