မိုးနဲမြို့ လုံစံကျေးရွာတွင် မိုးနေကြာ(ဆင်းရွှေကြာ) နှစ်ဧကစံပြစိုက်ပျိုး

မိုးနဲ ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း နေကြာသီးနှံပိုမိုစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မိုင်ဟိုင်းကျေးရွာအုပ်စု လုံစံကျေးရွာတွင် စက်ရန္တယားများဖြင့် မိုးနေကြာ(ဆင်းရွှေကြာ) နှစ်ဧက စံပြစိုက်ပျိုးခြင်းကို တောင်သူများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ဆီထွက်သီနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ၊ ဒေသတွင်းဆီရိက္ခာဖူလုံမှုရှိစေရေးအတွက် တောင်သူများလိုအပ်သော သွင်းအားစု၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ်စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ၅၂ ဧက လျာထားပြီးယနေ့အထိ ၅ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)