မင်းတုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်

မင်းတုန်း ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ယနေ့နံနက် ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက် ၄ ခုတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပိုးလောက်လမ်းမှတဆင့် ခြင်များ ပေါက်ဖွားမှု မရှိစေရေးအတွက် ရပ်ကွက်အတွင်းရှိ လူနေအိမ်များမှ ရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် သေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)