လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အလုံမြို့နယ်၌ ကျင်းပ

အလုံ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အ.မ.က (၄)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားနှင့် လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ရဲမှူးဝင်းမြင့်က မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ခြင်း အကျိုးကျေးဇူးများအကြောင်း ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ချိုပြုံးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်အန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များ၊ သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ရွှေလုံသား (မြို့နယ်ပြန်/ဆက်)