လားရှိုး ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က အမှာစကားပြောကြားပြီး (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးအိုက်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိုင်းရင်းဆေးမှူး ဒေါ်နုနုဝါက လည်ဆစ်ရိုးကျီးပေါင်းနှင့် နောက်ဆက်တွဲ ရောဂါများအကြောင်းအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)