ချောင်းဆုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ချောင်းဆုံ ဇွန် ၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ မြို့နယ်လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Abate) ဆေးခပ်ခြင်း၊ ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ခရိုက်သစ်ကျေးရွာ၌ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းကာ ဌာနဆိုင်ရာရုံများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များရှိ ရေတွင်း၊ ရေကန်များတွင် (Abate) ဆေးခပ်ခြင်း၊ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးကာ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)