ပလောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

ပလောက် ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာဖတ်ပရိသတ်များအဖွဲ့တို့ပူးပေါင်း၍ ဇွန်  ၉ ရက် နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာဖတ်ပရိသတ် ဒေါ်ဖြူစင်စိုးနှင့် ဦးအောင်သူလွင်တို့က စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ပါ သိမှတ်ဖွယ်ရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)