မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

မြို့သစ် ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံတော်၏တာဝန်ဝတ္တရားများကို တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) သင်တန်းဆင်းများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဦးတို့က အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်း၊ မြို့သစ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ  တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် သင်တန်းသား (၁၁) ဦးအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)