မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်လေးပင်မြို့နယ်တွင် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ပြုလုပ်

ညောင်လေးပင်  ဇွန်  ၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးကြပ်လမ်းညွှန်မှုဖြင့် စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၅)ဦးမှ မြန်မာအမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ(၄၂)ဦးမှ  မြန်မာအမျိုးသမီးများ၏ စွမ်းအားနှင့် ဂုဏ်သိက္ခာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၉) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၇)ဦး၊ စုစုပေါင်း(၄၆)ဦးတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို မြို့နယ်စီခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သုသုအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးခိုင်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများက ကြည့်ရှုအားပေးခဲ့ကြပြီး အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)