မိုင်းယောင်းမြို့၌ ပညာဒါနအဖြစ် ထောက်ပံ့လှူဒါန်း

မိုင်းယောင်း ဇွန် ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်) ကျောင်း၌ ယမန်နေ့က ပညာဒါနအဖြစ် လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်) ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဇဋိလက ရန်ကုန်ကြွ သာမဏေ ငါးပါးနှင့် ကျောင်းရှိ သာမဏေ ၁၅ ပါးတို့အား ပညာရေးအတွက် ထောက်ပံ့လှူဒါန်း‌ငွေနှင့် အထောက်အကူပြုပစ္စည်းများကို ပေးအပ်သည်။

ထို့ပြင် မိုင်းဟန်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများကလည်း အမက (မိုင်းဟန်) ကျောင်း ဆရာ/ဆရာမများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် ဆိုင်ကယ်တစ်စီး စုပေါင်းဝယ်ယူပေးကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း