နတ်တလင်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးကျော်ကျော်လင်းနှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်ဝောာဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်း၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဌေးနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ကို ရှင်းလင်းရာတွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးဝင်မှုပပျောက်စေရေး အလေးထား ဆောင်ရွက်ကြရန်၊ ဝန်ထမ်းအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်ရန်၊ ဝန်ထမ်းများ မိမိတို့၏ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဌာန၏ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)