တပ်ကုန်း ဇွန် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်ကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ဇွန် ၉ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့် အနာဂတ်”၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)က “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်