ကျေးသီးမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျေးသီး ဇွန် ၉

ရှမ်းပြည်နယ်  (တောင်ပိုင်း)၊  ကျေးသီးမြို့ မီးသတ်စခန်းမှ ရက် ၁၀၀ စီမံချက်ဖြင့်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဦးစီးအရာရှိ ဦးဆောင်၍ အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀)နာရီ အချိန်က ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့ မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမြင့်ဝင်းကြိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များအား စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ သဲပုံးများ၊ ကနဦးမီးငြိမ်းသတ်ရေးပစ္စည်းများ ထားရှိခြင်း ရှိ/မရှိနှင့် ရေကန်များတွင် ရေအလုံအလောက် အဆင်သင့် ထားရှိရေးတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ယာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)