မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ဖွင့်လှစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်းသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေး

မိုးညှင်း ဇွန်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းသင်ကြားနေမှုအား ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့်ဝန်ထမ်းများက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းအား သင်ကြားနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက အဆိုပါသင်တန်းပြီးဆုံးသွားပါက မိသားစုဝင်ငွေတိုးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရေးအတွက် ဌာနမှဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သင်တန်းသူ(၂၀)ဦးအား မေလ(၁)ရက်မှ ဇွန်လ(၁၄)ရက်အထိ (၄၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း