ဖလမ်းမြို့ ၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ရှိ နေရပ်စွန့်ခွာပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်၎င်းတို့၏ မိသားစုဝင်များအတွက် စားသုံးဆီ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် ကျောင်းသုံးဗလာစာအုပ်များ တပ်မတော်လေယာဉ်ဖြင့်ကလေးမြို့သို့ရောက်ရှိ သက်ဆိုင်ရာမြို့များသို့အမြန်ဆုံးရောက်ရှိ ဖြန့်ခွဲနိုင်ရေး ဆက်လက်ဆောင်ရွက်
ဟားခါး ဇွန် ၉
အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ များမှ တိုက်ပွဲရှောင် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် စားသုံးဆီ (၄) တန်အား ရန်ကုန်မြို့မှ လည်းကောင်း ၊ စားသုံးဆီ (၆) တန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ (၉၀) အိတ်နှင့် ကျောင်းသုံးဗလာစာအုပ် (၁၁၆) ထုပ်အား မန္တလေးမြို့မှလည်းကောင်း ဇွန်လ ၉ ရက်နေ့ တွင် တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။
အဆိုပါ စားသုံးဆီ (၁၀) တန် ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ ( ၉၀ ) အိတ်နှင့် ကျောင်းသုံးပြဌာန်းစာအုပ်များအား ဖလမ်းမြို့ ၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များရှိ သက်ဆိုင်ရာ နိုင်ငံ့ ဝန်ထမ်းများ ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ပြည်သူများထံသို့ အမြန်ဆုံးရောက်ရှိ ဖြန့်ခွဲနိုင်ရေး အတွက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
( ခရိုင်ပြန်/ဆက် )