နိုင်ငံတော်၏ ရက် (၁‌၀၀) လမင်းစီမံချက်ဖြင့် ပေါင်းတည်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ပွဲကျင်းပ

ပေါင်းတည် ဇွန် ၉

နိုင်ငံတော်၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဇွန် ၇ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲ၌ ပေါင်းတည်မြို့နယ်လဝကရုံးမှ ဦးစီးအရာရှိ ဦးဟန်ဌေးဦးဆောင်သော ဝန်ထမ်းများက ကျောင်းသား ၂၂ ဦး၊ ကျောင်းသူ ၃၇ ဦး၊ စုစု‌ပေါင်း ၅၉ ဦးတို့အား အဆိုပါ UID ကတ်များကို နေ့ချင်းပြီး‌ ပြုလုပ်ပေးကာ ပေးအပ်ခဲ့ကြသည်။

ထိုပေးအပ်ပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်လဝကဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဇော်နှင့် အ.ထ.က (ပေါင်းတည်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်တို့က တက်ရောက်အားပေးကြကာ ကျောင်းသား၊ ကျောင်းသူများအား လက်ဝယ်အရောက် UID ကတ်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား