လမ်းမတော်မြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လမ်းမတော် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူညွှန့်နှင့် သက်ဆိုင်ရာဝန်ထမ်းများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုကဲ့သို့ လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား လမ်းမတော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီသွယ်တို့က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)