ပေါင်းတည် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် အကျိုးပြုစာပေစာကောင်း
ပေမွန်စာအုပ်များ ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ပြပွဲသို့ အ.ထ.က (ပေါင်းတည်)၊ အ.ထ.က (မြို့မ) နှင့် အ.ထ.က (မင်းကွက်) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြပွဲသို့တက်ရောက်ကြည့်ရှုလေ့လာသူ ကျောင်းသား၊ ကျောင်းသူများအား ဘောလ်ပင်လက်ဆောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ရွှေသား