ချောက်မြို့ ချင်တောင်မတောင်၌ (ဒုတိယ)အကြိမ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ချောက် ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရေးနှင့် သစ်တော သစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်၉နာရီက အမှတ်(၁၅)ရပ်ကွက်ချင် တောင်မတောင်၌ မာလာမြိုင်စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီနှင့် သရုပ်ဆောင်နေထူးနိုင်၊ ချင်တောင်မတောင်သစ်ပင်စိုက်ကော်မတီတို့ပူးပေါင်း၍ ပျိုးပင်(၁၂၀၀)ပင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။   

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ သရုပ်ဆောင်နေထူးနိုင်နှင့် အမှတ်(၁၅)ရပ်ကွက်နေပြည်သူတို့က သတ်မှတ်နေရာများ၌ တမာ(၁၀၀၀)ပင်၊ ဖျောက်ဆိပ်(၂၀၀)ပင် စုစုပေါင်းပျိုးပင်(၁၂၀၀)ပင်အား စုစုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)