သံတောင်ကြီး သြဂုတ် ၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှကပ်ထားလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံတောင်ကြီးမြို့တွင် မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောကားရှယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစောတီမသေနှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့က သံတောင်ကြီးမြို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင် မဲဆန္ဒရှင်စာရင်းများကပ်ထား ကြေညာဆောင်ရွက်ထားရှိမှုများ၊ ရပ်ကွက်နေပြည်သူများလာရောက်ကြည့်ရှုနေမှု အခြေအနေ၊ မဲစာရင်းအချက်အလက်များ မှန်/မမှန်စစ်ဆေးခြင်းနှင့် သတ်မှတ်ပုံစံများ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)