ပခုက္ကူမြို့ အမှတ်(၁) မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်မှု၊မီးလန့်မှုများမရှိစေရေးရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုး အောင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များစုပေါင်း၍ မြို့မဈေးကြီးအတွင်းအပြင်ရှိ မီးသတ်ဆေးဘူးများနှင့် အရေးပေါ်မီးငြှိမ်းသတ်ပစ္စည်းများ  စနစ်တကျပြင်ဆင်ထားရှိမှုရှိ/မရှိ၊ လျှပ်စစ်မီးများ စနစ်တကျကိုင်တွယ်အသုံးပြုမှုရှိ/မရှိ၊ ရေလှောင်ကန်များ၌ ရေများဖြည့်တင်းထားမှုရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ဈေးတာဝန်ခံများနှင့် ဈေးသူ/ဈေးသားများအား သန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ မီးလောင်စေသော အရာဝတ္ထုပစ္စည်းများနှင့် လောင်စာများအား ရှင်းလင်းဖယ်ရှားရေးတို့ကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)