လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာ၌ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေး

လှိုင်းဘွဲ    ဇွန်  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်ခြင်းနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်က အမှာစကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ကရင်ပြည်နယ်ဘားအံခရိုင်မှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က တိုင်းရင်းသားဘာသာသင် ဆရာ၊ဆရာမများ ခန့်အပ်ထားရှိမှု အခြေအနေ၊ လူငယ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုဆိုင်ရာပြောင်းလဲလာမှုများ၊ ကလေးသူငယ်အခွင့်အရေး၊ ကလေးအလုပ်သမားဆိုင်ရာများအကြောင်းနှင့် ဗလငါးတန် ဖွံ့ဖြိုးစေရေး လူငယ်ရေးရာကိစ္စရပ်များအား အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပြီးနောက် ကျောင်းသားလူငယ်များအား အထွေထွေဗဟုသုတဆိုင်ရာ မေးခွန်းများမေးမြန်းခြင်း၊ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)