အုတ်တွင်းမြို့နယ်ညောင်ခြေထောက် စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်း Grade-10 မှ ကျောင်း သား မိဘများနှင့်တွေ့ဆုံ၍ ကျောင်း သား ဦး ရေအင်အားပြည့် တက်ရောက်နိုင်ရေးနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်

အုတ်တွင်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေစိုး ဦးဆောင်၍ အုတ်တွင်းမြို့နယ်ညောင်ခြေထောက် စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းတွင် မွေးမြူရေး ကျောင်းသား/ကျောင်းသူဦးရေ အင်အားပြည့်တက် ရောက်နိုင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် တောင်ငူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေစိုးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထက်ယမုံဦးတို့က Grade-10မှ ကျောင်းသား မိဘများနှင့်တွေ့ဆုံ၍ Grade-9 ပြီးမြောက်အောင်မြင်သော မွေးမြူရေးကျောင်းသား/ကျောင်းသူများအနေဖြင့် စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်းများတွင် ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများနှင့် မွေးမြူရေးအတတ်ပညာများကို အင်အားပြည့်တက်ရောက်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ကောင်းများမွေးထုတ်ပေးနိုင်ရေးနှင့် ပညာရည်မြင့်မားလာစေရေးအတွက် အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တောင်ငူခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်အတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထက်ယမုံဦးနှင့် ဝန်ထမ်းများ၊ အ.ထ.ကညောင်ခြေထောက်စိုက်ပျိုး /မွေးမြူရေးကျောင်းမှဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)