နတ်တလင်း ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၂၄၁ စုတို့အတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ ပေးအပ်ခြင်းကို ဩဂုတ် ၅ ရက် နံနက်၉ နာရီမှစ၍ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လမ်းအလိုက် ခေါ်ယူပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး စာရေးနှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ လမ်းများ အလိုက် ခေါ်ယူ၍ အိမ်ထောင်စု တစ်စုလျှင်၂၀၀၀၀ ကျပ်ဖြင့် အိမ်ထောင်စု (၂၄၁) စု အတွက် ငွေကျပ် (၄,၈၂၀,၀၀၀) ကို နေ့ချင်းပြီး ဆောင်ရွက်လုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့် (နတ်တလင်း)