လက်ပံတန်း ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး (ပိုလျှံ၊ ဖြည့်စွက်) ရန်ပုံငွေဖြင့် လက်ပံတန်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် သော ရေကန်-ပျဉ်ထောင်ကွင်း- ညောင်ပင်စု-ခမုံလမ်း ဂဝံခင်းခြင်း၊ တိုင်းဒေသကြီး (မူလ) ရန်ပုံငွေဖြင့် ပန်းမြတ်သဇင် ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်သော တောင်ကြို့ကုန်း လမ်းဂဝံခင်းခြင်း၊ တာဆိပ်လမ်းဂဝံခင်းခြင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) တံတား အထူးအဖွဲ့(၂)မှ တာဝန်ယူဆောင်ရွက်သော ရှမ်းတော-တာဆိပ်ချောင်းကူးတံတား(ပထမပိုင်း) တည်ဆောက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေး ကြည့်ရှု ခဲ့ကြသည်။
ကြည့်ရှုစစ်ဆေးရာတွင် လွှတ်တော်ဥက္ကဌ က သတ်မှတ်အရည်အသွေး ပြည့်မီပြီး လုပ်ငန်းအချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပြီး. မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်စန်းနွဲ့ကြည် နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြ ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး (ပြန်/ဆက်)