ကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကလေး မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများ အကြမ်းဖက်မှုမှကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာနှင့် ကျန်းမာ‌ရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ အသိပညာပးဟာပြာပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးမြို့၊ သဇင်ရပ်ကွက်ရှိ YCW ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကလေးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကီးထန်းခါမ်းက အမျိုးသမီးအခွင့်အရေးဆိုင်ရာများကို အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆက်သွယ်ရေးဥပဒေဆိုင်ရာများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာနှင့်

သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာများ၊ မြို့နယ်ဥပဒေဒေအရာရှိက သက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဟောပြောခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကုတင် ၃၀၀ ဆံ့ပြည်သူ့‌ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဥပဒေအရာရှိ၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ YCW ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၈၀၀ ဦး တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)