စစ်တွေ ဇွန် ၁၁
ရခိုင်ပြည်နယ်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေကြမ်းရေးဆွဲခြင်း၊ ဥပဒေရေးရာကိစ္စရပ်များနှင့် ဒေသန္တရစီမံကိန်းများ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက လွှတ်တော် ကိုယ်စားလှယ်များနှင့် ဥပဒေကြမ်းရေးဆွဲခြင်း၊ ဥပဒေရေးရာကိစ္စရပ်များနှင့် ဒေသန္တရ စီမံကိန်းများ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်လှနုဖြူက ဥပဒေကြမ်းရေးဆွဲခြင်း၊ ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေး နွေးကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- မင်းသူခန့်