လဟယ် ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်နာဂဒေသဦးစီးအဖွဲ့ဝင်များနှင့်ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုယနေ့ နံနက် ၁၀ နာရီအချိန် နာဂဒေသဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအား ဖတ်ကြားပါသည်။ ယင်းနောက်နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းဖွင့်ရာသီရောက်လာပြီဖြစ်၍ ကျောင်းနေရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းအပ်နှံမှု ရာခိုင်နှုန်းဒေသချုပ်တင်ပြရန်၊ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေး၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်နှင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေးသက်ဆိုင်ရာဌာန ဆိုင်ရာများကအလေးထား ဆောင်ရွက်ရန် မှာကြားပါသည်။
ထို့နောက် ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် အစိုးရသစ်၏ ရက်(၁၀၀)စီမံကိန်းတွင်အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍တင်ပြကြရာ နာဂဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)