စစ်ကိုင်း ဇွန် ၉
စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးနှင့် အမျိုးသမီးများအတွက် အလုပ် အကိုင်အခွင့်အလမ်းရရှိစေရေးရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက ရွာထောင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လွင်မာအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲပိုင်အောင်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအား စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီထံ ပေးအပ်သည်။
ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက သင်တန်းသား/သင်တန်းသူ များအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား/ သင်တန်း သူ(၁၅)ဦးဖြင့် သင်တန်းကာလ(တစ်လခွဲ)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
နေလင်းအောင်(ပြန်/ဆက်)