ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန် လက်ဆေးနိုင်ရေး ဆောင်ရွက်ထားရှိ

သုံးခွ မတ် ၂၀

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက စတင်၍ စာကြည့်တိုက်သို့ လာရောက်သူတိုင်း လက်ဆေးနိုင်ရန် ဆောင်ရွက်ပေးထားလျက်ရှိသည်။

ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက်ဖြစ်သည့်အတွက် ပြည်သူ့စာကြည့်တိုက်သို့လာ၍ စာငှား/စာဖတ်ကြသူများ ဆော့ကစားကြသူ ကလေးငယ်များနှင့် လူကြီးစာဖတ်ပရိသတ်များ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စာကြည့်တိုက်တွင် လက်ဆေး ဆပ်ပြာရည်နှင့်ရေကိုထားရှိပေးပြီး စနစ်တကျလက်ဆေးနည်းများကို လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး(သုံးခွ)