ကလေးဝမြို့တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့များ အခမဲ့ပေးအပ်

ကလေးဝ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့များအခမဲ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က မျိုးစေ့များ ထောက်ပံ့ပေး အပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက တောင်သူ ၃၀ ဦးအား ဧရာမင်း၊ ဆင်းသုခ၊ အောင်နိုင်တိုး မျိုးစေ့များကို တောင်သူ တစ်ဦးလျှင် တစ်ဧက တစ်တင်းနှုန်းဖြင့် အခမဲ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်