ကဝ ဩဂုတ် ၆
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများ ကြမ်းခင်းဈေး ပြင်ဆင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက ကဝမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်မှ ဂရန်အင်းများ ကြမ်းခင်းဈေး ပြင်ဆင်ရောင်းချခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားပြီး ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထိန်ဝင်းမှ ဂရန်အင်းများနှင့် လေလံစည်းကမ်းချက် များအား ရှင်းလင်းပြောကြားသည်။
ထို့နာက် ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများ ကြမ်းခင်းဈေး ပြင်ဆင်ရောင်းချပြီး မွန်းလွဲ(၁)နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)